Home / / Products / အမိုး/နံရံပြား အစိတ်အပိုင်းများ / ပစ္စည်းများ / Hyper180® စနစ် (အဆင့်မြင့် သံချေးတက်မှုကာကွယ်ရေးနှင့် အရောင်တင်မြဲမှုစနစ်)

Hyper180® စနစ် (အဆင့်မြင့် သံချေးတက်မှုကာကွယ်ရေးနှင့် အရောင်တင်မြဲမှုစနစ်)

Hyper180® သည် ၎င်းတွင် ပါဝင်သော AZ180 Coating နှင့် PVDF ဆေးလွှာ တို့ကြောင့် အထူးကောင်းမွန်ဆန်းသစ်သော အမိုးနှင့်နံရံကာပြားစနစ် ဖြစ်သည်။ AZ180 ကာကွယ်ရေးအလွှာသည် ဆိုးရွားပြင်းထန်သော သံချေးတက်ခြင်းနှင့် ဓာတ်ပြုခြင်း ဘေးအန္တရာယ်များ (ဆားငန်ရေဒဏ်၊ အယ်လ်ကာလိုင်း၊ မြေသြဇာ၊ ဓာတုပစ္စည်းများ စသည်) အတွက် အကောင်းဆုံးသော အကာအကွယ်အလွှာဖြစ်ပြီး၊ PVDF ဆေးလွှာသည် အလွန်ကောင်းမွန်သော တောက်ပမှုနှင့် အရောင်တင်မြဲမှုကို ပေးစွမ်းနိုင်ပါသည်။

ထုတ်ကုန်၏ ထူးခြားချက်များ

  • အထူးကောင်းမွန်သော သံချေးတက်မှုနှင့် ဓာတုဒဏ် ခံနိုင်ရည်ရှိခြင်း
  • ဆယ်စုနှစ်များစွာကြာအောင် အရောင်နှင့် တောက်ပမှုကို ရာနှုန်းပြည့် ထိန်းသိမ်းပေးနိုင်ခြင်း
  • ဆိုးရွားပြင်းထန်သော ပတ်ဝန်းကျင်နှင့် ရာသီဥတုဒဏ်အောက်တွင် ရေရှည်ခိုင်ခံ့ခြင်း

နည်းပညာဆိုင်ရာ အချက်အလက်များနှင့် ဖွဲ့စည်းပုံ
Hyper180® အကာပြားကို အဓိက အလွှာ (၅) လွှာဖြင့် စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားပါသည် –

– Top coat (အပေါ်ယံဆေးလွှာ): အဆောက်အအုံကို လှပတောက်ပစေပြီး ရေရှည်ခိုင်ခံ့မှုအတွက် အကာအကွယ်အတားအဆီးအဖြစ် လုပ်ဆောင်ပေးသည့် 20-micron အထူရှိ PVDF ဆေးလွှာ ဖြစ်သည်။ ၎င်းသည် နှစ်ပေါင်း ၃၀ အထိ အလွန်ကောင်းမွန်သော တောက်ပမှုနှင့် အရောင်တင်မြဲမှုကို ပေးစွမ်းနိုင်ပြီး ပြင်ပမှ ရေငွေ့၊ စိုထိုင်းဆ၊ အပူချိန်၊ ခရမ်းလွန်ရောင်ခြည် (UV rays)၊ အောက်ဆီဂျင်နှင့် လေထုညစ်ညမ်းမှုဒဏ်များကို ရေရှည်ကြံ့ကြံ့ခံနိုင်စွမ်း ရှိသည်။

– Primer coat (အောက်ခံဆေးလွှာ): ဆေးလွှာများ ကွာကျခြင်းမှ ကာကွယ်ပေးပြီး သံချေးတက်ခြင်းကို ဆန့်ကျင်ပေးသော 5-micron အထူရှိ Epoxy အောက်ခံဆေးလွှာ ဖြစ်သည်။

– Chemical treated layer (ဓာတုဗေဒနည်းအရ ပြုပြင်ထားသောအလွှာ): ဆေးလွှာများနှင့် သံမဏိသားကို ပိုမိုကောင်းမွန်စွာ ကပ်ငြိစေပြီး သံချေးတက်ခြင်းကို ပိုမိုကာကွယ်ပေးသည်။

– Zinc-Aluminum coated layer (ဇင့်နှင့် အလူမီနီယံ ပေါင်းစပ်အလွှာ): ဆိုးရွားပြင်းထန်သော ပတ်ဝန်းကျင်အခြေအနေများကို အကောင်းဆုံးတွန်းလှန်နိုင်သည့် နှစ်ဖက်စလုံးတွင် 180g/m² ရှိသော ဇင့်နှင့် အလူမီနီယံ ပေါင်းစပ်အလွှာ (AZ180) ဖြစ်သည်။

Base metal (ပင်မသံမဏိအသား): အရည်အသွေးမြင့် စံချိန်မီ ပင်မသံမဏိအသား ဖြစ်သည်။

အသုံးပြုရန် အသင့်တော်ဆုံးနေရာများ
Hyper180® စနစ်သည် ရေရှည်တွင် “အရောင်အသွေး လုံးဝပြောင်းလဲခြင်းမရှိဘဲ” မူလအတိုင်း တောက်ပြောင်နေရန် လိုအပ်သော လေဆိပ်များ၊ ဈေးဝယ်စင်တာကြီးများ (Shopping centers)၊ ရုံးခန်းအဆောက်အအုံကြီးများ (Office buildings) နှင့် ပင်လယ်ကမ်းနီး/ဓာတုစက်ရုံများအတွက် အကောင်းဆုံးနှင့် အသင့်တော်ဆုံး ထုတ်ကုန်ဖြစ်ပါသည်။

ထုတ်ကုန်အကြောင်း အသေးစိတ် သိရှိလိုပါသလား။

logo-switcher

Local websites

Global websites

Learn all about Pebsteel, our solutions and
projects worldwide.

Global websites button
logo

Global websites

Learn all about Pebsteel, our solutions and projects worldwide.

Global websites