Home / / Products / ဖရိမ်ဖွဲ့စည်းပစ္စည်းများ / စံဖရိမ်စနစ် / Multi-Span (အလယ်တိုင်ပါဝင်သော အဆောက်အအုံစနစ်)

Multi-Span (အလယ်တိုင်ပါဝင်သော အဆောက်အအုံစနစ်)

Multi-Span ကိုယ်ထည်စနစ်ဆိုသည်မှာ အဆောက်အအုံ၏ အကျယ်မျက်နှာစာတစ်လျှောက်တွင် အမိုးကျယ်အပိုင်း (Span) တစ်ခုထက်မက ပါဝင်ဖွဲ့စည်းထားသော စနစ်ဖြစ်သည်။ အတွင်းပိုင်းတွင် အလယ်တိုင်များ ထည့်သွင်းတည်ဆောက်ထားသည့် အမိုးနှစ်ဖက်စောင်း (Single-gable) သို့မဟုတ် အမိုးလှိုင်းပုံစံမျိုးစုံ (Multi-gable) အဆောက်အအုံများသည် ဤစနစ်၏ ထင်ရှားသော နမူနာများ ဖြစ်ကြသည်။

ထုတ်ကုန်၏ ထူးခြားချက်များ

  • အကျယ် မီတာ ၂၀၀ အထိ (အမိုးကျယ်အပိုင်း ၂ ခုထက်မကပါသော အဆောက်အအုံများအတွက်) အကျယ်ဆုံး တည်ဆောက်နိုင်ခြင်း
  • ကုန်လှောင်ရုံများ၊ ကုန်ပစ္စည်းဖြန့်ချိရေးစင်တာများနှင့် အကြီးစားကုန်ထုတ်လုပ်ငန်း စက်ရုံကြီးများအတွက် အထူးသင့်လျော်ခြင်း
  • အမိုးအစောင်းနည်းနည်းဖြင့် တည်ဆောက်မည့် အကြီးစားအဆောက်အအုံကြီးများအတွက် အကောင်းဆုံးဖြစ်ခြင်း
Multi-span
The building’s maximum practical width

ဤစနစ်ဖြင့် အဆောက်အအုံတစ်ခု၏ အကျယ်ကို အလယ်တိုင် ၁ တန်းပါလျှင် ၁၅၀ မီတာအထိလည်းကောင်း၊ အလယ်တိုင် ၂ တန်းနှင့်အထက် ပါလျှင် မီတာ ၂၀၀ အထိလည်းကောင်း စိတ်ချရဆုံး အကျယ်အဝန်းအထိ တည်ဆောက်နိုင်ပါသည်။ Multi-Span စနစ်၏ အလယ်တိုင်ဒီဇိုင်း ပြောင်းလွယ်ပြင်လွယ်ရှိမှုကြောင့် ကုန်လှောင်ရုံ၊ ကုန်ပစ္စည်းဖြန့်ချိရေးစင်တာများနှင့် အကြီးစားစက်ရုံကြီးများ၏ မည်သည့်ဒီဇိုင်းလိုအပ်ချက်အတွက်မဆို အဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။

ထို့အပြင် ဤကိုယ်ထည်စနစ်သည် အမိုးအစောင်းနည်းနည်း (Low-sloped roof) ဖြင့် ဆောက်လုပ်မည့် အဆောက်အအုံကြီးများအတွက် အလွန်ကိုက်ညီမှုရှိသည်။

Multi-Span frames
The weight and cost of a building

အဆောက်အအုံတည်ဆောက်ပုံတွင် အတွင်းပိုင်းအလယ်တိုင်များ ထည့်သွင်းပေးခြင်းဖြင့် သံမဏိကိုယ်ထည်၏ အလေးချိန်နှင့် ကုန်ကျစရိတ်ကို သိသိသာသာ လျှော့ချပေးနိုင်ပါသည်။ ဤအလယ်တိုင်များသည် အတွင်းပိုင်း၌ တိုင်မပါဘဲ ကျယ်ကျယ်ဝန်းဝန်းအသုံးပြုနိုင်မည့် နေရာလွတ် (Clear space) ကို အနည်းငယ် ကန့်သတ်မှုရှိစေနိုင်သော်လည်း အဆောက်အအုံကို အမှန်တကယ်အသုံးပြုမည့် ပုံစံနှင့် အဆင်ပြေဆုံးဖြစ်အောင် စနစ်တကျ ဗျူဟာမြောက် နေရာချထားပေးနိုင်ပါသည်။

ထုတ်ကုန်အကြောင်း အသေးစိတ် သိရှိလိုပါသလား။

logo-switcher

Local websites

Sales Office - Myanmar

Global websites

Learn all about Pebsteel, our solutions and
projects worldwide.

Global websites button
logo

Global websites

Learn all about Pebsteel, our solutions and projects worldwide.

Global websites